Thursday, June 25, 2009

အမြင် ကြည်ရန်

"သင့်အခန်းမှ
ပတ်ဝန်းကျင်လောကအား
ကြည်ကြည်လင်လင် မြင်ရလိုလျင်
သင်၏ အခန်းပြတင်းမှန်ကို အရင် ဖုန်သုတ်ပါ"


(တကယ်)

မရ ရ အောင် ယူမယ် လို့ ဆုံးဖြတ်ရင်
တကယ် ရအောင် ယူရတယ် ...
တကယ်လိုချင်တယ်ဆိုရင်
တကယ်လက်ထဲရောက်လာခိုက်မှာ
မြဲအောင်ဆုပ်ကိုင်ထားနိုင်ရမယ် ...

ကချေသည်

လှလှပပ
ကပြလိုက်ချင်ပါရဲ့  . .
ဒါပေမယ့်
ကတယ်ဆိုရာမှာလည်း
အနည်းဆုံးတော့
ခြေထောက်နှစ်ချောင်းပေါ်
ကောင်းကောင်း ရပ်နိုင်ဖို့ လိုတယ် . .

  • ( ရွှန်းမီ )
  • [original idea from: ကျွဲဂီတ]

Sunday, June 7, 2009

မရှိခြင်း ဂုဏ်

လေးလေးတို့ ငယ်ငယ်က ကိုယ့်မှာ ဘာမျှမရှိတာကို `ဂုဏ်` တစ်ခု၊ အရည်အချင်းတစ်ခု လို့ ထင်ခဲ့တာပေါ့။ သူတို့လို သီချင်းမဆိုတတ်လို့သာ မဆိုခဲ့တာ။ ရည်းစားစာ စပေးကတည်းက "မောင်က မျက်နှာမွဲမို့ မရဲတရဲနဲ့ မျှော်လင့်နေပါတယ်" ဆိုတာနဲ့ စတာပေါ့။ "မွဲ" တာကိုပဲ သနားစရာကောင်းတဲ့ အရည်အချင်း လို့ ယုံကြည်ထားတာကိုး။ ကိုယ့်မှာ ဘာမျှမရှိဘဲနဲ့သာ ပြန်ချစ်စေချင်တာနော်။ အဲ ဘာမျှမရှိတဲ့ မိန်းကလေးကျတော့ မျက်စောင်းတောင် မထိုးချင်ဘူး။

(ကံချွန်၊ အပျိုစင်တို့ သိဖို့ ယောက်ျားတို့အကြောင်း။)

Saturday, June 6, 2009

stronger

I'm not any stronger then I was before, and nothing has changed that much...
But Let's face it.
What's really important is not the fact that I once was weak..
but the WILL to become STRONGER.


Yuki from Fruit Basket Episode 17

Friday, June 5, 2009

Generation GAP



မိဘတွေဟာ သားသမီးနဲ့ နားလည်မှု လွဲတဲ့အခါ "မင်းတစ်ချိန် မိဘဖြစ်လာရင် သိလိမ့်မယ်" ဆိုတဲ့ စကား မကြာခဏ ပြောဖူးပါတယ်။ ဒါပေမယ့် ဒီစကားထဲ မိဘတိုင်း သားသမီး ဖြစ်ခဲ့တယ် ဆိုတဲ့ နားလည်ပေးမှုက ပျောက်နေတယ်။ တကယ်တော့ သားသမီးအနေနဲ့ မိဘ ဖြစ် မဖြစ် မသေချာပေမယ့် မိဘကတော့ သားသမီးဖြစ်ဖူးတာ လုံးဝသေချာပါတယ်။

view

Please click the picture to read for this moment.
I'll type the text when time allows.